Friday, September 28, 2018

ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်

ဖခင်က သင်းအုပ်ဆရာကြီးဖြစ်ပေမဲ့ ခေတ်ကာလနိုင်ငံရေး အတွေးအခေါ်များကြောင့် ဘုရားမဲ့ ဖြစ်ခဲ့ရသူ  သို့သော်လည်း ဘုရားသခင်၏ ရွေးကောက်ခြင်း အကြံအစည်တော်ကြောင့် မမျှော်လင့်ဘဲ သေခြင်းတရားကို တွေ့ဆုံရတဲ့ ဘုရားမဲ့ သူငယ်ချင်း သေဆုံးခါနီး ညီးတွားအော်ဟစ်သံတွေ ကြားခဲ့ပြီး အသက်တာ ပြောင်းလဲခဲ့တယ်။ ကျမ်းစာကျောင်းတတ်ပြီးနောက် ဘ၀ကို ဘုရားသခင်အတွက် အဆုံးစွန်းတိုင်အောင် ပေးဆက်လိုက်တယ်။ ခါးသီးတဲ့ ပေးဆက်မှုတွေကို မညီးမညူ ပေးဆက်ခဲ့သူ - မြန်မာ အင်္ဂလိပ် အဘိဒါန်လေးကို ပြီးအောင်ရေးပြီနောက် စာအုပ်ကျောအဖုံးလေးမှာ ရေးခဲ့တာက "ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်"တဲ့


https://www.4shared.com/office/qB-5CO0Wgm/Adoniran_Judson.html
https://www.4shared.com/office/qB-5CO0Wgm/Adoniran_Judson.html

အန္ဒိယပြည်၏တမန်တော် ဆာဒူးဆန္ဒာဆင်း

ကြွယ်ဝချမ်းသာပြီး ဘာသာတရားကို ကိုင်းရှိုင်းသော ဆစ် (ခ်) ဘာသာဝင် မိသားစုက မွေးဖွားလာခဲ့သူ၊ ခရစ်ယာန်ဘာသာတရားကို မုန်းတီးပြီး ကျမ်းစာအုပ်တွေကို ဆုတ်ဖြဲပြီး ခရစ်ယာန်တရားဟောဆရာတွေကို ခဲနဲ့ပေါက်ဘို့ အားပေးအားမြှောက် ပြုတတ်သူ။ ဒါပေမယ့် ခရစ်တော်က ကိုယ်ထင်ရှားပြီး သူနဲ့တွေ့ပြီးတဲ့နောက် ခရစ်တော်နောက်လိုက်ဖြစ်လာသူ၊ မိသားစုက ရှက်လွန်းအားကြီးလို့ အဆိပ်ခပ်ပြီး သတ်လိုက်ပေမယ့် ကိုယ်တော်က ရွေးနှုတ်ပြီး အမှုတော်မြတ်အတွက် ခွဲခန့်ခံရသူ။ တောတောင်များကို ခြေလျှင်ကျော်ဖြတ်ပြီး ဧ၀ံဂေလိတရားအတွက် အစေခံခဲ့သူ

္ဒဆာဒူးဆန္ဒာဆင်း
https://www.4shared.com/s/fg9srM6Atda
https://www.4shared.com/s/fg9srM6Atda

Thursday, September 27, 2018

မေရီဆလက်ဆာ

ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တယ်။ ငယ်ငယ်ကတည်းက ကြောက်တတ်သောသူဖြစ်တယ်။ ဒါပေမယ့် ခရစ်တော်ကြောင့် ရဲရင့်ခြင်းတွေနဲ့ အာဖရိကတိုက်မှ အသက်တာကို ဆက်ကပ်ခဲ့တယ်။ ဘုရားသခင်ကလည်း ချီးမြှောက်တယ်။ ဒေသခံတွေကလည်း ချီးမြှောက်တယ်။ ဗြိတိသျှ အစိုးရကလည်း ချီးမြှောက်တယ်။ ဘုရားသခင်အတွက် ကြီးမားတဲ့ အလုပ်တွေ လုပ်ဆောင်ခဲ့သူ အာဖရိကတိုက်၏ လူဖြူဘုရင်မ (ခေါ်) မေရီဆလက်ဆာ

ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပါသည်။

https://www.4shared.com/s/fwRI0jilSfi
https://www.4shared.com/s/fwRI0jilSfi

Wednesday, September 26, 2018

ဘုရားသခင်၌ မိမိအသက်တာကို ဆက်ကပ်အပ်နှံခြင်း

သခင် သခင်နဲ့ ခေါ်နေတဲ့သူတွေဟာ တကယ်ဆက်ကပ်ကြနေကြတာလား။ ဆက်ကပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လို အသက်တာမျိုးရှိမှ ဆက်ကပ်တယ် ခေါ်မှာလဲ။ ကျွန်တော်တို့ဟာ တကယ်အသက်တ ဆက်ကပ်နေကြသူတွေလား။ အဲဒါတွေကို သင်ရော ကျွန်ုပ်ပါ လေ့လာဘို့ လိုအပ်ပါတယ်။

ဒီစာအုပ်မှာ ဆက်ကပ်မှုဟာ ဘယ်လိုမျိုး ရှိရမလဲဆိုတာ ဖေါ်ပြထားပါတယ်။ လေ့လာဖတ်ရှုနိုင်ပါတယ်။

https://www.4shared.com/s/fuW7HZf-gda

https://www.4shared.com/s/fuW7HZf-gda

Tuesday, September 25, 2018

အပယ်ခံတို့၏မိခင်ကြီး

စုတ်ချာတဲ့ဘ၀ထဲမှာ ရှင်သန်ကြီးထွားခဲ့ရတယ်။ အစာငတ်ပြတ်တဲ့ဘ၀ကို ဆက်အသက်မရှင်ချင်လို့ ဘ၀ကို အဆုံးစီရင်ဘို့အထိ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ကယ်တင်ရှင်ယေရှုကို အသက်တာမှာ ရပြီးတဲ့အခါ ဘ၀အသက်ရှင်မှုက တစ်မျိုးဖြစ်သွားပြီ။ ဘ၀က နာကျင်မှုတွေက သူတပါးရဲ့ နာကျင်မှုတွေကို ဖြေသိမ့်ပေးရမည့် လူအဖြစ် ဘုရားသခင်က ပြင်ဆင်လုပ်ဆောင်ခဲ့ပြီ။

လူတွေ နားမလည်နိုင်ဖြစ်ရတာတွေ သူ့ဘ၀မှာ အများကြီး - ဇတ်နိမ့်အမျိုးသမီး လမ်းဘေးက ကြီးပြင်းလာတဲ့သူက ကြီးမားတဲ့ အမှုကြီးတွေ ပြုနိုင်တာ ဘာကြောင့်လဲ  လူတွေ မေးလာကြပြီ

အပြည့်အစုံကို ဒေါင်းလုပ်ရယူဖတ်နိုင်ပါပြီ
https://www.4shared.com/s/fM5lGIDLcee
https://www.4shared.com/s/fM5lGIDLcee

Monday, September 24, 2018

တောင်အာဖရိကတိုက်၏ Missionary Allen Gardiner

မိမိဘ၀မှာ သဘောင်္ကပ္ပတိန် မာလိန်မှူးဖြစ်ဘို့ ရည်ရွယ်ချက်ထားရှိပြီး ကြိုးစားခဲ့တယ်။ ထားတဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ပြည့်ပြီးကာမှ ခရစ်တော်ရရှိလာတဲ့နောက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းကောင်းကိုသာ အာဖရိကတိုက်မှာရှိတဲ့ တိုင်းရင်းသားများကို ဟောဘို့ စိတ်အားထက်သန်ခဲ့သူ။ ဒါပေမယ့် ဘယ်သူကမှ လက်မခံခဲ့ဘူး။ ဒါပေမယ့် စိတ်ဓါတ်မကျဘူး။ နောက်ဆုံးမှာ တောထဲမှာ လူမသိ သူမသိ အစာငတ်ပြီး သေသွားခဲ့တယ်။

အဲဒီနောက်မှာတော့ လူတွေက သူ့ဆန္ဒကို ဖြည့်ဆည်းဘို့ ဆုံးဖြတ်ပေးလိုက်တယ်။ သူသေပြီးနောက် အာဖရိကတိုက် သာသနာလုပ်ငန်းတွေ ဆက်လက် ဆေင်ရွက်နိုင်ခဲ့တယ်။
အပြည့်အစုံသိနိုင်ဘို့ ဖတ်ကြည့်ပါ။








Sunday, September 23, 2018

ကိုယ်တော်နှင့်အတူ လျှေက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း သင်၌ရှိပြီလား

လူ့ဘ၀ဆိုသည်မှာ အနိမ့်အမြင့် အတက်အကျ နှင့် အဆင်ပြေမှု၊ အဆင်မပြေမှု အမျိုးမျိုး ခံစားရပြီး ဖြတ်သန်းရသော လောကဓံ ခရီးကြမ်းကြီးတစ်ခုပင် ဖြစ်ပါသည်။ ထိုခရီးကြမ်းကို ဖြတ်သန်းရာတွင် အချို့ ခွန်အားကို အသုံးပြုသည်။ အချို့ ငွေကြေးများဖြင့် ဖြတ်သန်းသည်။ အချို့က ရာထူး ဘုန်းများဖြင့် ဖြတ်သန်းသည်။ ထိုအရာများထက် ပိုမိုကောင်းမွန်းသော အရာရှိပါသေးသလား။ . . .

ရှိပါသည်။ ခရစ်တော်နှင့်အတူ ယုံကြည်ခြင်းတရားကို လက်ကိုင်ထားပြီး ဖြတ်သန်းရပါမည်။ သင်ထံတွင် ယုံကြည်ခြင်းတရား ရှိပါပြီလား။ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်းလား။

တရားဟောချက်ကို ဒေါင်းလုပ်ဆွဲနိုင်ပါသည်။
https://www.scribd.com/document/389300973/Mark-5-21-43
 https://www.scribd.com/document/389300973/Mark-5-21-43

ကမ္ဘာကျော်ခဲ့သော စိန့်ဖရန့်စစ်၏ ဆုတောင်း

ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရဲ့သားက ဆင်းရဲနွမ်းပါးတဲ့သူတွေကို မြင်ပြီး သူတို့ကို ဖေမချင်တာ ကူညီချင်တာ ပေးကမ်းချင်တာနဲ့ဘဲ သူတို့လို ဆင်းရဲသား ဘ၀အသက်ရှင်မှု လမ်းကြောင်းထဲမှာ သူတို့နည်းတူအသက်ရှင်ပြီး ပတ်ဝန်ကျင်ကို ပုံသက်သေပြ လူများကို ခရစ်တော်ရဲ့ မေတ္တာကို ပြောပြခဲ့သူ၊

သူမသေခင်မှာ ရေးခဲ့တဲ့ သူရဲ့ ဆုတောင်းချက်လေးကြောင့် လူတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ယူဖတ်ပါ။
http://zipansion.com/3zido
http://zipansion.com/3zido

အာဖရိကတိုက်ကို သာသနာပြုခဲ့သူ ဒေးဗစ်လစ်ဗင်းစတုန်း

အာဖရိကတိုက် လူမည်းများထံ ခရစ်တော်ရဲ့ ကယ်တင်ခြင်း သတင်းစကားကို ဝေမျှခဲ့သူတစ်ဦးအကြောင်း ဘ၀တစ်ခုလုံးကို ဒီလူတွေအတွက် ပေးဆပ်ခဲ့သူ။ ကျွန်ရောင်းဝယ်မှု ပြုတဲ့သူတွေရဲ့ ရန်ပြုခံရမှုတွေနဲ့အတူ ဒေသခံ လူမည်းများကလည်း အထင်အမြင်လွဲမှားပြီး တိုက်ခိုက်။ ဒါပေမယ့် ဘာအကြောင်းကြောင့်မှ သူ့ရဲ့ ရူပါရုံကို မစွန့်လွှတ်ခဲ့သူ ဒေးဗစ်လစ်ဗင်းစတုန်းအကြောင်း ဒေါင်းလုပ်ရယူပါ။

http://zipansion.com/3zdNG

http://zipansion.com/3zdNG


Friday, September 21, 2018

တရုပ်ပြည်ကို သာသနာပြုခဲ့သူ ဟတ်စင်တေလာ


လူကို ကြည့်တော့ အားရစရာမရှိ။ ကျန်းမာရေးက ဒီလောက်ကောင်းတာလဲမဟုတ်။ ဒီကြားထဲ ကျန်းမာရေးမကောင်းလို့ အတန်းကျောင်းလဲ မတတ်ခဲ့ရဘူး။ ဒါပေမယ့် ဘုရားသခင်အတွက် အကြီးကြီးတွေးတယ်။ အကြီးကြီးလုပ်တယ်။ အကြီးကြီး ဆက်ကပ်တယ်။ ဘုရားသခင်က အကြီးကြီး သုံးပစ်လိုက်တယ်။ တရုပ်လူမျိုးတွေက အကြီးအကျယ် ကြိုဆိုရသူ တစ်ဦးဖြစ်လာတယ်။ အဲဒါဘယ်သူလဲ။

ဆရာကြီး ဟတ်စင်တေလာပါ။ တရုပ်လူမျိုးတွေကို ချစ်ပြီး အစေခံခဲ့တဲ့ လူတစ်ယောက်အကြောင်း
ဒေါင်းလုပ်ယူ၍ ဖတ်နိုင်ပါပြီ။
 
http://zipansion.com/3wkLt

 








Thursday, September 20, 2018

ဘုရားသခင်၏လင်းယုန်ခရစ်ယာန်များ

ဘုရားသခင်သည် ယုံကြည်သူများကို ခိုင်းနှိုင်းသည့် ပုံဥပမာများ၊ အရာဝတ္တုများနှင့် တိရစ္ဆာန်များ အမျိုးမျိုးရှိသည်။ ခိုင်းနှိုင်းသည့် အခါတိုင်း သူရည်ညွှန်းဖော်ပြလိုသည့် အဓိပ္ပါယ်များ ရှိနေသည်။ ထိုခိုင်းနှိုင်း ဖော်ပြသည့် အရာများစွာအထဲမှ ယခုစာအုပ်မှာ ရွှေလင်းယုန်နှင့် ခိုင်းနှိုင်းဖော်ပြထားသောအရာကို ခွန်အားယူနိုင်ရန် တင်ပေးလိုက်ပါသည်။ ဖတ်ကြည့်သည့်အခါ အလွန်ကောင်းမွန်သော တရားဟောချက် တစ်ပုဒ်အဖြစ် ဖတ်ရှုခံစားနိုင်ပါသည်။ အောက်တွင် ဒေါင်းလုပ်ရယူပါ။
https://www.4shared.com/s/fLYzI1as4gm

https://www.4shared.com/office/LYzI1as4gm/Eagle_of_God.html

ချိနဲ့အားနည်းသော်လည်း သာသနာပြု သူရဲကောင်း ဖြစ်သွားသူ

ဆယ်ကျော်သက်အရွယ်မှာ မိဘနှစ်ပါး ဆုံးပါးသွားပြီး မိဘမဲ့တစ်ယောက်သဖွယ် ကြီးပြင်လာရသည်သာမက ခန္ဓာကိုယ်ကလည်း ချိနဲ့အားနည်းပြီး မကျန်းမာသူတစ်ယောက် အနေနဲ့ ကြီးပြင်းလာခဲ့ရရှာတယ်။ ဒါပေမယ့် ပညာကို ကြိုးစားသင်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ ရက်ဒ် အင်ဒီယာန်း လူရိုင်းတွေထံမှာ သာသနာပြုဘို့ အသက်တာကို ဆက်ကပ်ခဲ့တယ်။ ပင်ပန်းခက်ခဲမှုတွေနဲ့ ဆက်ကပ်ခဲ့ပြီးနောက် အောင်မြင်မှုတွေနဲ့ သာသနာပြု သူရဲကောင်းဖြစ်လာ သူတစ်ယောက် အကြောင်း

https://www.4shared.com/s/fgDFYSLiggm




Wednesday, September 19, 2018

လူသားစား လူရိုင်းတွေကို ခရစ်တော်နဲ့ မိတ်ဆက်ပေးသူ

ဆရာကြီး ဂျွန်ပက်တန် (John Paton) ဟာ သြစတြေးလျတိုက်ကနေ အရှေ့မြောက်ဘက် မိုင်ပေါင်း (၁၄၀၀) ကွာဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုလေးတွေ (ယခု Vanuatu လို့ခေါ်တဲ့နေရာ) ကို သွားရောက်ပြီး ခရစ်တော်အကြောင်း ဝေငှဟောပြောခဲ့ပါတယ်။ အဲဒီမှာ လူသားစား လူရိုင်းတွေရှိပါတယ်။ အဲဒီလူရိုင်းတွေ အကြားမှာ သာသနာပြုခဲ့တဲ့ ဂျွန်ပတ်တန်အကြောင်းကို ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

https://www.4shared.com/office/UZRjDmKYda/John_Paton.html

Tuesday, September 18, 2018

ဘိနပ်ချုပ်သမားဘ၀မှ သာသနာပြုဆရာဖြစ်လာသူ

အိန္ဒိယပြည်ရဲ့ သာသနာပြုဆရာကြီးအကြောင်းကို ဖတ်ရှုခြင်းဖြင့် သူ၏ အသက်တာ ဆက်ကပ်မှု၊ အသက်ရှင်မှု၊ ကြိုးစားလုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ဖြစ်သည်။ သူ၏ အမှုတော်လုပ်ငန်း ကြိုးစားအား ထုပ်မှုများသည် ကျွန်တော်တို့၏ အမှုတော်လုပ်ငန်းများတွင်လည်း တစ်စုံတစ်ရာ အကြိုးသက်ရောက်မှု ဖြစ်စေနိုင်ပါသည်။ ဖတ်ရှုခွန်အားယူနိုင်ရန် ဒေါင်းလုပ်ရယူပါ။

http://zipansion.com/3rut0


Sunday, September 16, 2018

အသင်းတော် သမိုင်း

အသင်းတော် ဖြစ်တည်လာသည့်အချိန်မှစတင်ပြီး ဖိနှိပ် ညှင်းဆဲခြင်းများထဲတွင် ရုန်းကန်ရင်း ရှင်သန်ခဲ့ရသည်။ ထိုသို့ ဖိနှိပ်နေသည့်အကြားမှပင် တဖြည်းဖြည်း ကြီးထွားလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အကြီးကျယ်ဆုံး၊ အအောင်မြင်ဆုံး ဘာသာတရားတစ်ခုအနေဖြင့် မြင်တွေ့နေရပြီ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်တည်လာသော ဖြစ်စဉ်များကို မှတ်တမ်းတင်ရေးသားကြရာ အလွန်ထူသော စာအုပ်ကြီးများ အဖြစ် မြင်တွေ့ရသည်။ သို့သော် ဤစာအုပ်တွင် ထိုသို့ မဟုတ်ဘဲ တတ်နိုင်သမျှ အကျဉ်းချုပ် ရေးသားထားသဖြင့် မှတ်မိရန် လွယ်ကူသည်။ ဖတ်သင့်သော စာအုပ်အဖြစ် ရည်ညွှန်းလိုက်ပါသည်။

ယုံကြည်သူနှင့် နှလုံးသား

အခန်းဆက် တရားဟောချက်သဖွယ် ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်။ ကောင်းမွန်သော အရေးအသားနှင့် ခွန်အားရဖွယ်ရာ အကြောင်းအရာများဖြင့် တင်ပြထားသော စာအုပ်ဖြစ်ပါသည်။ 
စာအုပ်အမည် - ယုံကြည်သူနှင့် နှလုံးသား
စာရေးသူ - ဆရာဒေါမနစ်
စာမျက်နှာ - ၈၉

ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ။

ဣသရေလ လူမျိုးများ အခြေတကျ မဖြစ်မီ တောကန္တာရထဲ လှည့်လည်နေရသောကာလ အချိန်တွင် သူ၏လူမျိုးတော်အား ဆက်သွယ်မှုပြုရန် အထူးပြုလုပ်ခဲ့သော တဲတော်အကြောင်းကို ဖော်ပြထားသည်။ ထိုတဲတော်သည် ခရစ်တော်ကို ရည်ညွှန်းထားကြောင်း ကျမ်းပိုဒ် အကိုးအကားများဖြင့် ဖော်ပြထားသော စာအုပ်ဖြစ်ပါသည်။ ဆရာဇော်ခွန်၏ စာပေအရေးအသားမှာ ထိထိမိမိ ရှိလွန်းလှသဖြင့် တဲတော်နှင့်ပတ်သတ်သော အကြောင်းအရာများကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ဒေါင်းလုပ်ယူ၍ ခွန်အားယူ တည်ဆောက်နိုင်ပါသည်။

ခရစ်တော်၏ သက်တော်စဉ်

သခင်ခရစ်တော် မွေးဖွားလာသည့်အချိန်မှ စတင်ပြီး ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံတော်မူရသည့်အချိန်အထိ အကြောင်းအရာများကို စုံလင်စွာ ရေးသားထားသည်။ ခရစ်တော် လုပ်ဆောင်ခဲ့သောအရာများ၊ ခရစ်တော်၏ ဟောပြောမှုများကို ငြီးငွေ့မှုမရှိဘဲ ဖတ်ရှုနိုင်မည် ဖြစ်သည်။ 

စာအုပ်အမည် - ခရစ်တော်၏သက်တော်စဉ်
စာရေးသူ - ဆရာ ရဲလ်ခန့်မန်၊ မေညို
စာမျက်နှာပေါင်း - ၁၄၂ 
http://zipansion.com/3pa5p


ခေတ်ကာလနှင့် ပတ်သတ်သော နှုတ်ကပတ်တော်သမ္မာတရား

စကြ၀ဠာနှင့် ကမ္ဘာမြေကြီး အစပြုသည့်အချိန်မှစတင်ပြီး ဘုရားသခင်က မည်သို့ အလုပ်လုပ်ခဲ့သည်။ ဘာတွေဖြစ်ခဲ့သည်။ . . . စသည့် အကြောင်းအရာများနှင့်အတူ ယခု လက်ရှိကာလအတွက် ဘုရားသခင်၏ အကြံအစည်တော်များကို ဖေါ်ပြသည်သာမက အနာဂတ်တွင် ဘုရားသခင် ထားရှိသည့် ရှုပါရုံများကို လေ့လာနိုင်သည့်စာအုပ် ဖြစ်ပါသည်။ ဘာသာပြန်ကောင်းတစ်အုပ် ဖြစ်သည်။ လေ့လာနိုင်ပါသည်။ ဒေါင်းလုပ်ရယူပါ။
http://zipansion.com/3pXf6

ချစ်တပည့်တော် ဆယ့်နှစ်ဖော်

မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော်တဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထား လျက်ရှိကြ၏။(ဗျာဒိတ် ၂၁း၁၄)

အသင်းတော်၏ အုပ်မြစ်ဖြစ်သော တမန်တော် (၁၂) ပါး၏နာမည်ကို ကောင်းကင်နိုင်ငံရှိ မြို့တော်ကြီး၏ အုပ်မြို့ရိုးကြီး၏ အုပ်မြစ်ပေါ်တွင် ရေးသားထားသည်။ အသင်းတော်၏ အုပ်မြစ်ဖြစ်၍ အရေးကြီးသော ထိုတမန်တော် (၁၂) ပါးအကြောင်းကို မဖြစ်မနေ သိရမည်ဖြစ်ပါသည်။ ဤစာအုပ်တွင် လေ့လာနိုင်ပါသည်။ 

http://zipansion.com/3pVkB

ခရစ်ယာန်အိမ်ထောင်

ဤစာအုပ်သည် ငယ်ရွယ်သူ မိဘများအတွက် အထူး တင်ပြထားသည်ဟု ထင်ပါသည်။ ငယ်ရွယ်သူ မိဘများသည် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုတွင် တစ်ဦးနှင့် တစ်ဦး နာလည်မှု ရှိရန်အတွက် အထူးတင်ပြထားသလို သားသမီးများနှင့် ဆက်သွယ်မှုတွင်လည်း တာဝန်ကြီးမားကြောင်းကို စာဖတ်သူ နာလည်ရန် တင်ပြထားသော စာအုပ်ဖြစ်ပါသည်။

http://zipansion.com/3pTfv

ခရစ်တော်အကြောင်း

ခရစ်ယာန် ယုံကြည်သူဟု ဆိုလိုက်သည်နှင့် သခင်ယေရှု ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်ကြောင်း ထင်ရှားနေပါသည်။ ခရစ်တော်ကို ယုံကြည်သည်ဟု မည်မျှပင် အော်ဟစ် ကြွေးကြော် နေသော်လည်း တစ်စုံတစ်ယောက် ခရစ်တော်အကြောင်း မေးမြန်းလာလျှင် ပြန်လည် မဖြေကြားနိုင်သော လူများမှာ ဒုနှင့်ဒေး အများအပြား ရှိနေကြသည်။ ထို့ကြောင့် ခရစ်တော်အကြောင်းကို သိရှိနားလည်နိုင်ရန် ဤစာအုပ်ကို ဖတ်ရှုနိုင်ပါသည်။
http://zipansion.com/3pQbp

တပည့်တော် စစ်စစ်

နာမည်ကျော် ခရစ်ယာန် ဆရာကြီး William McDonald ၏ Real Followers ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။ ဘာသာပြန်ဆိုသူမှာလည်း တန်ဘိုးကြီးသော စာအုပ်ကောင်းများကို ဘာသာပြန်ပေးလေ့ရှိသည့် ဆွီဆွီကျော် ဖြစ်ပါသည်။ ထုပ်ဝေသော စာအုပ်တိုက်မှာ Evangelical Literature Center မှ ဖြစ်ပါသည်။ ယနေ့ ခရစ်ယာန်များ ဖြစ်ပျက်နေသော သဘာဝကိုလည်း ဖော်ပြထားပြီး ခရစ်ယာန်စစ်များ ဖြစ်လာရန် တွန်းအားပေးသော စာအုပ်ကောင်းတစ်အုပ်

http://zipansion.com/3pPVH

ဓမ္မသစ်ကျမ်း မိတ်ဆက်

ဓမ္မသစ်ကျမ်း မိတ်ဆက်စာအုပ်ကို ဖတ်ခြင်းဖြင့် ဓမ္မသစ် ကျမ်းစာကို သေချာစွာ သိရှိ နားလည် လာမည် ဖြစ်သည်။ ခေတ်ကာလအခြေအနေ၊ လူ့အသိုင်းအ၀ိုင်းအခြေအနေတို့ကို သေချာစွာ နာလည်လာမည်ဖြစ်ပြီး ကျမ်းစာအနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် မှန်ကန်စွာ ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ဒေါင်းလုပ် ရယူပါ။

http://zipansion.com/3pOHu

Friday, September 14, 2018

ဂလာတိ သြ၀ါဒစာစောင် အနက်ဖွင့်ကျမ်း

ဂလာတိ သြ၀ါဒစာစောင် အနက်ဖွင့်ကျမ်းကို လေ့လာကြည့်ပါ။ ထူးခြားမှုများ ပါဝင်နေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ရှင်ပေါ်လု၏ အရေးအသား ပြောင်မြောက်မှုနှင့် ဓမ္မဟောင်းကျမ်း ပိုင်နိုင်မှုတို့ကို ခံစားသိရှိနိုင်မည်ဖြစ်သည်။ ကယ်တင်ခြင်တရားဒေသနာအတွက်လည်းကောင်း၊ အပြစ်တရားနှင့်ဆိုင်သောအရာများအတွက်လည်း ရှင်းလင်းစွာ လေ့လာနိုင်မည့် စာစောင်ဖြစ်သည်။
http://zipansion.com/3maEl

ဓမ္မသစ်ကျမ်း မိတ်ဆက်

NT Servay စာအုပ်သည် ဓမ္မသစ်ကျမ်း တစ်အုပ်လုံးကို ခြုံငုံ ဖေါ်ပြထားခြင်းဖြစ်သည်။ မည်သူရေးသားသည်။ မည်သည့်အတွက် ရေးသားသည်။ မည်သည့်အချိန်က ရေးသားသည်။ မည်သူ့ထံ ရေးသားသည် စသည်ဖြင့် လေ့လာသိရှိနိုင်မည့် စာအုပ်ဖြစ်သည်။ လေ့လာဖတ်ရှုနိုင်ပါသည်။

သမ္မာကျမ်းစာမှ အမည်များ

ဂျူးလူမျိုးတို့၏ အမည်ပေးစနစ်ပုံစံမှာ ကလေးတစ်ယောက်မွေးဖွားလာချိန်တွင် ဖြစ်ပျက်နေသောအရာများကို အခြေပြု နာမည်ပေးကြသည်။ ထို့ကြောင့် ကျမ်းစာထဲတွင် ရှိသော အမည်များကို ကြည့်ခြင်းဖြင့် ထိုသူ၏ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိလေ့လာနိုင်သည်။ သူတို့၏ဘ၀ သူတို့၏ အခြေအနေများမှ ဘုရားသခင်နှင့် ဆက်သွယ်မှု မည်သို့ ပြုနေကြသည်ကို လေ့လာနိုင်မည်။ သမ္မာကျမ်းမှ အမည်များကို သိခြင်းအားဖြင့် မိမိ သားသမီးများနှင့် အသင်းသားများကို အမည်ပေးရာတွင် ပိုမိုကောင်မွန်သော အမည်လှလှလေးများ ရရှိနိုင်ပါသည်။
http://zipansion.com/3mXfb

စနစ်ကျသော သီအော်လော်ဂျီ

ဓမ္မပညာလေ့လာမှုပြုရာတွင် မရှိလျှင်မဖြစ်၊ မသိလျှင်မဖြစ်သော သီအော်လော်ဂျီသည် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပါသည်။ တစ်စုံတစ်ယောက်သည် သီအော်လော်ဂျီကို မျက်ကွယ်ပြုပြီး ကျမ်းစာကို ဖတ်ပါက မှားယွင်းစွာ အနက်အဓိပ္ပါယ် ဖော်၍ ခွန်အားယူနိုင်ပါသည်။ ထိုသို့ မှားယွင်းသွားလျှင် ဟောပြောမှုများမှားယွင်းလာပြီး နောက်ပိုင်းတွင် ကြီးမားသော အကျိုးဆက်များ အသင်းတော်တွင် ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် သီအော်လော်ဂျီကို လေ့လာပါဟု တိုက်တွန်းလိုပါသည်။ ဤစာအုပ်သည် သီအော်လော်ဂျီ ဓမ္မပညာရပ်များကို ရှင်းလင်းစွာ ရေးသားထားပါသည်။ ဒေါင်းလုပ်ရယူပါ။
http://zipansion.com/3mWv6

ခေတ်ကာလနှင့်ပတ်သတ်သော သမ္မာတရား

ဘုရားသခင်၏ အကြံအစည်တော်နှင့် ရည်၇ွယ်ချက်များကို ဖော်ပြသော စာအုပ်ဖြစ်သည်။ ယခင်က ဘုရားသခင် ဘာတွေ လုပ်ခဲ့သလဲ။ အခု ဘာတွေ လုပ်နေသလဲ။ နောင်ကာလမှာရော ဘာတွေ ဆက်လုပ်ဦးမှာလဲ။ ရှင်းရှင်းလင်းလင်း သိရမည့် စာအုပ်ဖြစ်သည်။ ဒေါင်းလုပ်ရယူပါ။


http://zipansion.com/3mVgz

ပန်းပျိုးလက်ငါးသွယ်

ကလေးများကို သင်ကြားရေးနှင့်ပတ်သတ်ပြီး အတွေ့အကြုံကြီးမားသော ကမ္ဘာကျော်ဆရာကြီး ငါးဦး၏ သင်ကြားခြင်းဆိုင်ရာ အတွေးအခေါ်များကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ကလေးလုပ်ငန်း လုပ်မည့်သူများ မဖြစ်မနေ ဖတ်သင့်သော စာအုပ်ဖြစ်သည်။
http://zipansion.com/3mSeu

ရှင်ယောဟန် ရေးသော ကျမ်းများ (အနက်ဖွင့်ကျမ်း)

မြန်မာဘာသာဖြင့် ရေးသားထားသော အနက်ဖွင့်ကျမ်း (Commentary) များမှာ အလွန် ရှားပါးပါသည်။ တရားဟောသူ၊ (သို့မဟုတ်) ကျမ်းစာ လေ့လာသူသည် ကျမ်းစာ အနက်ဖွင့်ဆိုခြင်းနှင့်ဆိုင်သော ကိစ္စများတွင် အမျိုးမျိုးသော ရှုထောင့်မှ လေ့လာသင့်သည်ဖြစ်၍ ဤအနက်ဖွင့်ကျမ်းကိုလည်း ဖတ်ရှုလေ့လာသင့်ပါသည်။
http://zipansion.com/3jCeg

Rev. Dr. ဦးတင်မောင်ထွန်း၏ တရားဒေသနာ ပေါင်းချုပ်

မြန်မာပြည်ရဲ့ ၀ိညာဉ်ဖခင်ကြီး ညီအကိုများ အသင်တော်ရဲ့ သင်းအုပ်ဆရာကြီးဖြစ်သူ ဆရာတော် ဦးတင်မောင်ထွန်းရဲ့ တရားဒေသနာ ပေါင်းချုပ်လေးပါ။ အားလပ်ချိန်များမှာ ခွန်အားယူနိုင်ဘို့ ဒေါင်းလုပ်ဆွဲထားနိုင်ပါတယ်။

http://zipansion.com/3hv5v

သမ္မာကျမ်းစာတော် သင်ခန်းစာ ၁၀၀

ကျွန်တော်တို့ ပြောင်းလဲလာခါစ ကျမ်းစာသင်တန်းတွေ ရှားလို့ ဒီစာအုပ်လေးကို တော်တော်လေး အားကိုးခဲ့ရတယ်။ ဆရာတွေ ရှားပါးတဲ့ တောနယ်လေးမှာ ဒီစာအုပ်လေးက ကျွန်တော်ကို အများကြီး အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ဓမ္မပညာသင်ကြားဘို့ အခက်အခဲ ရှိနေသူတွေအတွက်လည်းကောင်း၊ အသင်းတော်မှာ ကျမ်းစာ သင်ကြားဘို့အတွက်လည်းကောင်း မရှိမဖြစ်တဲ့စာအုပ်ပါ။ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

http://zipansion.com/3huyu


ကလေးသူငယ်များဖွံ့ဖြိုးရေး

ကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် ရည်ရွည်၍ တင်ပေးလိုက်ပါသည်။ အထူးသဖြင့် ဆန်းဒေးစကူး ဆရာများ၊ မူကြိုဆရာမများ ဖတ်သင့်သော စာအုပ်ဖြစ်ပါသည်။
http://zipansion.com/3hvPO