Friday, October 19, 2018

ရှိသလောက်ခွန်အားဖြင့် နှုတ်ကပတ်တော်ကို စောင့်ရှောက်ပါ (ဗျာဒိတ် ၃း၇-၁၃)

သမ္မာကျမ်းစာရှိ ဗျာဒိတ်ကျမ်းတွင် အသင်းတော် (၇) ပါးအကြောင်း ဖော်ပြသည်။ ထိုအသင်းတော်များတွင် ဖိလဒေလဖိ အသင်းတော်မှာ နာမည်ကောင်းဖြင့် သခင်ဘုရားချီးမွမ်းသော အသင်းတော်တစ်ပါးဖြစ်သည်။ အခြားအသင်းတော် တစ်ခုဖြစ်သော စမုနရအသင်းတော်ကိုလည်း ချီးမွမ်းထားသည်။ ထိုချီးမွမ်းခံ အသင်းတော် (၂) ပါး၏ အားသာချက်မှာ သည်းခံခြင်း ဖြစ်သည်။ ယခု ဖေါ်ပြပါ အသင်းတော်ဖြစ်သော ဖိလဒေလဖိ အသင်းတော်သည် အားနည်းနေသည့်ကြားမှ နှုတ်ကပတ်တော်ကို အစွမ်းကုန် လိုက်နာစောင့်ရှောက်သည်။ သင့်အသက်တာတွင် ခွန်အားနည်းသည့်ကြားမှ နှုတ်ကပတ်တော်များကို စောင့်ထိန်းနိုင်သူအဖြစ် တည်ဆောက်ရန် ဤတရားဟောချက်ဖြင့် ခွန်အားပေးလိုက်ပါသည်။

https://www.4shared.com/s/fgPzmVOkZee


https://www.4shared.com/s/fgPzmVOkZee




Wednesday, October 10, 2018

ဘုရားသခင်၏ပညတ်တရားများ

သတင်းကောင်း နှစ်ခြင်းအသင်းတော်၏ ဆရာကြီး Rev. မောဇက်ထောင်ကျုံး ရေးသားပြုစုသော စာအုပ်ဖြစ်သည်။ အင်တာနက်စာမျက်နှာများတွင် အပိုင်းလိုက် ရေးသားဖော်ပြမှုများကို ပြန်လည် စုစည်းထားခြင်း ဖြစ်ပါသည်။ ဓမ္မဟောင်းကာလတွင် ဣသရေလ လူမျိုးများ ရရှိခဲ့သော ပညတ်တရားများ အားလုံးသည် ဓမ္မသစ်ကာလတွက် ခရစ်တော်နှင့်ပတ်သတ်သော အကြောင်းအရာများကို ရည်ညွှန်း ဖော်ပြ နေကြောင်း သေသေချာချာ ဂဃနဏ ဖော်ပြထားသည်။ အလွန်စိတ်ဝင်စားဖွယ် အကြောင်းအရာများ ဖြစ်ပါသည်။ ဖတ်ရှုပြီး လေ့လာနိုင်ရန် ဒေါင်းလုပ်ရယူပါ။

https://www.scribd.com/document/390578968/The-Law-of-God

https://www.scribd.com/document/390578968/The-Law-of-God

Sunday, October 7, 2018

ကယ်တင်ခြင်းသင်ခန်းစာများ စုစည်းမှု

ကယ်တင်ခြင်း သင်ပေးသော နည်းစနစ်အမျိုးမျိုး၊ တင်ပြပုံအမျိုးမျိုး ရှိကြသည်။ သို့သော် ထိရောက်သော သင်ကြားမှုနှင့် ၀ိညာဉ်တော်၏ လမ်းပြကူညီမှု မပါလျှင် အောင်မြင်သော ကယ်တင်ခြင်း သင်တန်းများ မဖြစ်နိုင်ပါ။ ယခုတင်ပေးသော ကယ်တင်ခြင်း သင်ခန်းစာများကို အသုံးပြုသူများသည် အောင်မြင်မှုများ ရရှိကြသည်ကို တွေ့ရပါသည်။ ဤစာအုပ်ကို ရေးသားသော ဆရာမိုးဇက်ထောင်ကျုံးကိုယ်တိုင်ပင် ဤကယ်တင်ခြင်း သင်ခန်းစာများဖြင့် ချင်ပြည်နယ်ကို နိုးထမှုဖြစ်စေခဲ့သလို သတင်းကောင်း အသင်းတော်ကိုလည်း အစပြုရန် အသုံးတော်ခံခဲ့ပေသည်။ မိတ်ဆွေလည်း ဤသင်ခန်းစာများကို လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ပြန်လည်သင်ကြားပေးခြင်းဖြင့် ဘုရားသခင်၏ အသုံးတော်ကို ခံယူလိုက်ပါ။

https://www.4shared.com/s/fuJrTuENnfi





https://www.4shared.com/s/fuJrTuENnfi

Monday, October 1, 2018

အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာ

လူတွေ ဘုရားသခင်ကို ဘယ်လောက်ချစ်သလဲ။ ဘုရားသခင်ချစ်တဲ့အချစ်ကကော လူတွေအပေါ်မှာ ဘယ်လောက် ကြီးမားသလဲ။ ကျမ်းစာ ဥပမာများဖြင့် ဖော်ပြထားသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ကျူးသော စာအုပ်
https://www.4shared.com/office/RpspD6Gqda/Love.html
https://www.4shared.com/office/RpspD6Gqda/Love.html

သခင်ယေရှုခရစ် အသက် (၁၈) နှစ် ပြဿနာ

သခင်ယေရှုခရစ်တော်သည် အသက် (၁၂) အရွယ်တွင် ဗိမ္မာန်တော်ထဲ၌ ဆရာကြီးများနှင့် တရားဓမ္မများ ဆွေးနွေးနေကြောင်း ကျမ်းစာက ဖော်ပြသည်။ ထို့နောက် အသက် (၃၀) အရွယ်တွင် နှစ်ခြင်း ခံယူကြောင်း ကျမ်းစာက ဖော်ပြသည်။ ကြားကာလ (၁၂) နှစ်မှ (၁၈) နှစ်အတွင် ဘယ်ရောက်နေသလဲ ဟူသော မေးခွန်းကို မယုံကြည်သူများက စမ်းသော သဘောဖြင့် မေးလေ့ရှိကြသည်။ ထိုသူတို့သည် ထိုမေးခွန်းကို မေးသောအခါ ခရစ်ယာန်များ "မဖြေနိုင်လောက်ဘူး" ဟူသော အတွေးဖြင့် မေးကြခြင်း ဖြစ်ပါသည်။ အကိုးအကား ပြနိုင်မည် မဟုတ်ပါ ဟုထင်မြင်ပြီး မေးလေ့ ရှိကြသည်။ သို့သော် သမ္မာကျမ်းတွင် အဖြေရှိသလို လောက သဘာဝ တရားကြီးကလည်း စစ်မှန်သော အဖြေကို ပေးနေပါသည်။ သင်ကိုယ်တိုင် လေ့လာခြင်းဖြင့် သူတပါးကို ပြန်လည် ဝေငှ ပြောပြနိုင်ပါလိမ့်မည်။

https://www.4shared.com/s/fhB9l4oqxda
https://www.4shared.com/s/fhB9l4oqxda